အမြို့မြို့အနယ်နယ်သတင်းများ

Jun 01,2022
ဒလမြို့နယ်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်   လူစည်းကားရာ နေရာဖြစ်သော ဒလ သင်္ဘောဆိပ်တွင် ဇွန်လ (၁)ရက်နေ့မှစ၍ Mask(၂၀၀၀)ကို အခမဲ့ဝေပေးခဲ့ကြောင်း သိရသည်။
Jun 01,2022
ကော့သောင်းမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်အတွင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jun 01,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် 
Jun 01,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အသစ်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 01,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူသွားမည့် အသက်(၅)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ(၂၁၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jun 01,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးများနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြကြောင်း သိရသည်။
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)အောက်ကလေးငယ်များ ပုံမှန်ကာ ကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ဇွန်လ(၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။