အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Dec 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအတွင်းရှိ မွန်ကျေးရွာ(၉)ရွာရှိ ဒေသခံပြည်သူများအား ဂျပန်နိုင်ငံ နိပွန် ဖောင်းဒေးရှင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖြင့် တစ်အိမ်ကို ဆန်(၂၄)ပြည့် တစ်အိတ်ကို ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
Dec 21,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်ရောဂါများအား  အခမဲ့စမ်းသပ်ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက  မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတို့၌ ဆောင်ရွက်ခဲ့သည်။
Dec 21,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး(ဟောင်း)တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးအေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချို တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် ‌ဖြစ်ပွားနေ‌သည့် ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးကန်ထရိုက် လယ်ယာနှင့်မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကဉ္စနကျွန်းသာ(Gold Delta) ကုမ္ပဏီလီမိတက်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုနိုင်စေရန် ငှားရမ်းပေးနေသည့်အပြင် ပြည်သူများထံသို့ သွားရောက် လိုက်လံငှားပေးခြင်းဖြင့် ပိုမိုစာပေဖတ်ရှုနိုင်စေရန်နှင့် စာဖတ်အားမြှင့်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက  သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။