အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

အမာ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရာတွင် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှု၊ စိတ်ဓါတ်ကောင်းမွန်မှု၊ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရန်အတွက် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပြီး ဘောလီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၇)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဒီဇင်ဘာ ၂၂ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင်လည်း အားကစားပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)