ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ဒိုက်ဦး ဒီဇင်ဘာ ၂၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး(ဟောင်း)တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးအေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချို တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် ‌ဖြစ်ပွားနေ‌သည့် ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်အားပေးကူညီခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)