ဖြူး ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုနိုင်စေရန် ငှားရမ်းပေးနေသည့်အပြင် ပြည်သူများထံသို့ သွားရောက် လိုက်လံငှားပေးခြင်းဖြင့် ပိုမိုစာပေဖတ်ရှုနိုင်စေရန်နှင့် စာဖတ်အားမြှင့်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မ ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြို့နယ်ဥပဒေရုံးတို့တွင် သုတရသ စာအုပ်များ၊ ကလေးစာပေများ၊ စာစောင်များအပါအဝင် စုစုပေါင်း စာအုပ်(၂၀၀)ကျော် ငှားရမ်းပေးရာ ဝန်ထမ်းများ၊ မိသားစုဝင်များက ငှားရမ်းကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)