အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ တောင်ဖက်တန်းကျေးရွာ ကွင်းအမှတ်(၁၃၃၆)၊ ဦးပိုင်အမှတ်(၄၆၊ ၂၉/၂)တောင်သူနှစ်ဦး တို့၏မိုးစပါးစိုက်ခင်းများတွင် အထွက်နှုန်းကိုယ်စားပြု စံကွက်ရိတ်သိမ်းခြင်းများအတွက် (၀.၁၀)စံကွက် (၂)ကွက် ၊ (၀.၀၀၁)စံကွက် (၃)ကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်‌ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့သွားရောက်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ အသက်သုံးနှစ်မှ ငါးနှစ်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။
Dec 21,2022
ဧရာဝတီတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်ခရိုင် ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင်ကျင်းပပြုလုပ်သည်။
Dec 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဆွေးနွေးပွဲကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သစ်အယ်ပင်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 21,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာများနှင့် အရေးကြီးလူနာများ အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဓိကပံ့ပိုးကူညီမှုနှင့်ပြည်သူထည့်ဝင်ငွေတို့ဖြင့် အောက်စီဂျင်စက်ရုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်အရ တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာအိုး အလုံး ၂၀ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။