အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2022
(၈၅)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး​နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ​ရွှေမြိုင်သီရိရပ်ကွက်၊ ​မြောင်ဘက်ကွင်း​ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကရင်စာ​ပေနှင့်ယဉ်​ကျေးမှု​ကော်မတီ ဝင်များ၊ ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့သည်။
Dec 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာအထက်တန်းအဆင့် အမျိုးသား၊အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာ၊စာစီစာကုံးနှင့် ဥာဏ်စမ်းပဟေဠိဖြေဆို ပြိုင်ပွဲကို ဝန်လိုရပ်ကွက် မြို့မစာကြည့်တိုက်၌ ယမန်နေ့နံက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
Dec 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.ထ.က မင်းလှ (မြို့တွင်း)ကျောင်း၌ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက  တာဝန်ရှိသူများကကြည့်ရှု့အားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနံနက် ၉ နာရီချိန်က  အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်း အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တောင်ကြိုကုန်းကျေးရွာအုပ်စု၊ တောင်ကြို့ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Dec 23,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ဒီဇင်ဘာ၂၁ရက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။