Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မက်မန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား လူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ လွတ်လပ်ရေး၏ အနှစ်သာရနှင့်အဓိပ္ပာယ်များကို သိရှိနိုင်ရေး၊ လွတ်လပ်ရေးကို အစဉ်တန်းဖိုးထားတတ်စေရန်ရည်ရွယ်၍ မက်မန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြို ဟောပြောပွဲ၊ နံရံကပ်စောင်ပြပွဲနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Dec 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အ.ထ.က-၁ ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူသားအရင်းအမြစ်ဆုံးရှုံးမှုမရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုမခံရစေရေး၊ ယနေ့နံနက်(၁၀)နာရီက သုံးထပ်ဆောင်အစည်အဝေးခန်းမဆောင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချု…
Dec 21,2022
ချင်းပြည်နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မဲစာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင…
Dec 21,2022
မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ အခြေခံလူဦးရေ စာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟော ပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းကျင်းပသည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၊ မူလတန်းကြို ကျောင်းရင်သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်
Dec 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်းရင်သွေးငယ်များ အားကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က စက်သစ်ရပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်
Dec 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းရည်မြှင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စေရန်အခြေခံ အင်္ဂလိပ်စကားပြောနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီတွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17219
Page
17220
Page
17221
Page
17222
Current page
17223
Page
17224
Page
17225
Page
17226
Page
17227
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department