အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ပြင်ပဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာငှားစနစ်ဖြင့် စာအုပ်၊ စာစောင်များသွားရောက်ငှားရမ်းခြင်းများကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် စာပေအကြောင်း အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်စာပေအသိပညာပေး (TalkShow)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
Dec 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးရှိ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကိုယနေ့ နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
Dec 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယ‌နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
Dec 21,2022
တောင်သာမြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃)အခြေခံမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                                  
Dec 21,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တိုင်း​ဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားပို့ချနေမှုအားသွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။