ငါန်းဇွန်မြို့၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ငါန်းဇွန် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အခြေခံသတင်းစာပညာ၊ သတင်းထုတ်ပြန်ချက်နှင့် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်များကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်နောင်ဦးက ဝေါဟာရ ရှင်းလင်းချက်၊ အချက်အလက်စုဆောင်ခြင်းနှင့် သတင်းရေးသားခြင်းကိုလည်းကောင်း ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းရေးသားနည်းသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနတို့မှ ဝန်ထမ်း (၁၂) ဦး တက်ရောက်ကြပြီး သင်တန်းကာမှာ ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)