ကလိန်အောင် ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအတွင်းရှိ မွန်ကျေးရွာ(၉)ရွာရှိ ဒေသခံပြည်သူများအား ဂျပန်နိုင်ငံ နိပွန် ဖောင်းဒေးရှင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖြင့် တစ်အိမ်ကို ဆန်(၂၄)ပြည့် တစ်အိတ်ကို ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ရာတွင် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းမှကိုယ်စား နိုင်ညီညီ၊ ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ကိုယ်စား) ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေမီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဝေဟင်စိုးနှင့် အဖွဲ့တို့သည်မွန်ကျေးရွာ(၉)ရွာဖြစ်သည့် မျောက်ချော၊ နဂါးအိုင်၊ ကွန်ကြားဒိန်၊ ခရိုင်၊ မွန်သုံးခွ၊ လှည်းဂိတ်၊ ပနန်းပုံ၊ ရွာသစ်၊ သဲချောင်းကျေးရွာများမှ ဒေသခံပြည်သူများအားတစ်အိမ်ကို ဆန်(၂၄)ပြည့်တစ်အိတ်စီဖြင့် စုစုပေါင်း (၄၅၀၀)အိတ်ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)