ဓနုဖြူ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးကန်ထရိုက် လယ်ယာနှင့်မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကဉ္စနကျွန်းသာ(Gold Delta) ကုမ္ပဏီလီမိတက်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ကဉ္စနကျွန်းသာ ကုမ္ပဏီလီမိတက်၊ ဓနုဖြူရုံးခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးတိုးလွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကဉ္စနကျွန်းသာ ကုမ္ပဏီလီမိတက် တိုက်နယ်ကြီးကြပ်ရေးမှူး ဦးဝင်းမြင့်က ကန်ထရိုက် လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး၊ ကဉ္စကျွန်းသာကုမ္ပဏီလီမိတက် စိုက်ပျိုးရေးတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးညွန့်ဝင်းက စိုက်ပျိုးရေးပညာပေးဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများစုစုပေါင်း(၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)