ကျောက်တံခါး ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်ရောဂါများအား အခမဲ့စမ်းသပ်ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတို့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမဲ့ဆေးကုသပေးရာတွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်း(၈၄)ဦးအား ဆီးချို၊ သွေးတိုး၊ နှလုံး စသည့်ရောဂါများအား အဓိကစမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့စမ်းသပ်ကုသပေးသည့်လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မြန်မာ့စီးပွာရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)