အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်လုံးကျွတ် မြေပြင်အိမ်ထောင်စုနှင့် လူဦးရေစာရင်း ကောက်ယူရေးဆင့်ပွားသင်တန်း ပို့ချရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
Dec 26,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပြည်သူ့အားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 26,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ သလ္လာဝတီလမ်းနှင့် ချင်းတွင်းလမ်းပိုင်း ၂ နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်မုခ်ဦးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည် သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်လမှ နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
Dec 26,2022
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ကကျင်းပရာ ရှေးဦးစွာ အခမ်းအနား မုခ်ဦးရှေ့တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီ၊ အပူဇော်ခံဆရာမကြီး ဒေါ်အေးရွှေ ကျောင်းသားဟောင်း ဦးတင်ရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအထိမ်းအမှတ်ဖြင့် ကျောင်းသားဟောင်းများက ခရေပင်စိုက်ပျိုးခဲ့ကြသည်။
Dec 26,2022
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း
Dec 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။