Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောင်းမြမြို့၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာပေးအပ်ပွဲ အခမ်းအ…
Dec 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမိုးမင်းနိုင်နှင့် အစိုးရအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၃ /၂၀၂၂) ဖွင့်လှစ်
Dec 26,2022
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၃ / ၂၀၂၂ ) ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁ ) ရှိ ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ကျောက်ဖြူ)၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်း…
Dec 26,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါ စက်မှုလက်မှု ပညာသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်း…
Dec 26,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အမျိုးသမီးဘောလုံးပြိုင်ပွဲအခမ်းအနား ကျင်းပ
Dec 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို အမျိုးသမီးအလွတ်တမ်းဘောလုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၂:၀၀)၌ ရပ်စောက်မြို့နယ် (၆၂)သစ်စက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲသို့ တနင်္သာရီမြို့နယ်ကိုယ်စ…
Dec 26,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲသို့ဝင်ရောက်၍ ယှဉ်ပြိုင်ကစားမည့် တနင်္သာရီမြို့နယ်(ကိုယ်စားပြု) အမျိုးသားဖူဆယ်ဘောလုံးအားကစားသမားများအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ထွက်ခွာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
Dec 26,2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်များ၏ မှုခင်းကိစ္စရပ်များ လျော့နည်းပပျောက်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ မြို့နယ်ကလေးသူငယ်များ အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 26,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိဌာနများနှင့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၆)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17176
Page
17177
Page
17178
Page
17179
Current page
17180
Page
17181
Page
17182
Page
17183
Page
17184
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department