Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Dec 26,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက်(၈:၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့်ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် နာနတ်ဝိုင်ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Dec 26,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ လင်းတဲကျေးရွာသည် မင်းဘူး-အမ်း ကားလမ်းဘေးတွင် တည်ရှိပြီး ဒေသခံ အရှိုချင်းတိုင်းရင်းသားများအနေဖြင့် တောင်ယာနှင့် နှစ်ရှည်သီးနှံပင် စိုက်ပျိုးရေးလုပ်ငန်းများအပြင် နာနတ်ခင်းများစိုက်ပျိုးပြီး နာနတ်သီးနှင့် နာနတ်ဝိုင်ကို မိသားစုများ တပိုင်တနိုင် ထုတ်လုပ်ရောင်းချခြင်းဖြင့် နှစ်စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြောင်း နာနတ်စိုက်တောင်သူ မိုင်မြဝတ်ရည်အောင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ
Dec 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သ…
Dec 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအား ညောင်ကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေအကြို ဟောပြောပွဲဆောင်ရွက်
Dec 26,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတက္ကသိုလ်၌ (၂၀၂၂တက္ကသိုလ်ဝင်တန်းအောင်)ပထမနှစ် ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်
Dec 26,2022
မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ် ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ခရစ္စမတ် အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်
Dec 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် တောင်ငူကတ်သလစ်သာသနာ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့ မယ်တော်ဂူဝင်းတွင် ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ်ပွဲတော် ကာလဖိတ်ခေါ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ည(၆)နာရီအချိန်က ပြုလုပ်ကျင်းပရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဆုရအသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီးမွှေးတစ်သျှူးငှက်ပျောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းစစ်ဆေး
Dec 26,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တောင်ပေါ်ကျေးရွာတွင် စိုက်ပျိုးထားရှိသည့် သီးမွေးတစ်သျှူးငှက်ပျောစိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှုအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး ဦးဆောင်သည့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17182
Page
17183
Page
17184
Page
17185
Current page
17186
Page
17187
Page
17188
Page
17189
Page
17190
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department