အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရေး ကရင်ပြည်နယ်အတွင်း
Dec 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာပန်းတိုင်အထွက်နှုန်းတိုးတက်ရေး နည်းပညာ‌ပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရှေးဟောင်းအဆောက်အဦများကို ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Dec 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေပေးမြောင်းများပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 26,2022
ကျောက်တန်းမြို့နယ် စာကြည့်တိုက်များကော်မတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre)၌ ကျင်းပခဲ့သည်။
Dec 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့်အသိပညာပေးခြင်းများကို ယမန်နေ့ည​နေ (၆း၃၀)အချိန်က မြို့နယ် မီးသတ်ဉီးစီးဌာနမှ မီးသတ်ကားဖြင့် ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 26,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင်တိုင်းရင်းသားဘာသာစကားသင် (G1, G2, G3) TA/LA ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ ကရင်ပရိယတ္တိစာသင်တိုက်၌ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တတ်ရောက်ခဲ့ကြသည်။