ကျွန်းလှမြို့နယ်၌  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး

ကျွန်းလှ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်လမှ နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအား အသက်အပိုင်အခြားအလိုက် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်တီဘီ၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်-ဂျိုက်သိုးဆေးနှင့် ငါးမျိုးစပ်(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်) ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ