နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေးဆွေးနွေးပွဲကျင်းပ

နွားထိုးကြီး ဒီဇင်ဘာ ၂၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးတင့်လွင်ဦးမှ လူငယ်တွေကို အန္တရာယ်ထဲ တွန်းပို့နေတဲ့ဂိမ်းတွေကို သတိပြု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လျှပ်စစ်ကိုလိုအပ်မှသုံး ချွေတာသုံး ဘေးကင်းလုံခြုံသတိရှိစေချင်ခေါင်း စဉ်ဖြင့် လည်းကောင်း၊ ဘက်စုံသားဖွား ဆရာမ ဒေါ်ထက်ဝေဦးမှ ဆောင်းဦးရာသီမှာသတိပြုစရာများနှင့် ကလေးများတွင်ဖြစ်ပွားသော ကလေးတီဘီရောဂါများ ခေါင်းစဉ်ဖြင့်အသိပညာပေးဆွေးနွေးခဲ့ကြသည်။ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော် မှ အသိပညာပေးဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်