ပေါင်းတည် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်လုံးကျွတ် မြေပြင်အိမ်ထောင်စုနှင့် လူဦးရေစာရင်း ကောက်ယူရေးဆင့်ပွားသင်တန်း ပို့ချရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး တက်ရောက် အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က သင်တန်းပို့ချရေးအတွက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ဆင်ပွားသင်တန်းပြန်လည်ပို့ချမည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ တက်ရောက် ကြပြီး သင်တန်းပို့ချရေးအကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်း ဆွေးနွေးကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးက အသေးစိတ် ဖြည့်စွက်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဆင့်ပွားသင်တန်း ပို့ချရေး တာဝန်ထမ်းဆောင်မည့် သင်တန်းဆရာ ၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)