အမြို့မြို့အနယ်နယ်သတင်းများ

Dec 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအုပ်စု၊ လုံဟယ်ကျေးရွာတွင် ဒီဇင်ဘာ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှစ၍ (၁၂)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ၊ စာရေးတံမဲပွဲနှင့် ဘုရားပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
Dec 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲ ၁ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်မှ IVLS ဆော့ဝဲဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်ပေးပို့လာသော မှတ်ပုံတင် (၂၊ ၃၊ ၄၊ ၅) ကြိမ် ထပ်နေသူများစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ eID စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 26,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် လွတ်လပ်‌ရေးနေ့ဖြစ်‌ပေါ်လာပုံ သမိုင်းအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနရှိ (Community  Centre)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
Dec 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 26,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ (Round Baler) ကောက်ရိုးထုံး စက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်က သီးကုန်းကျေးရွာ ကွင်းအမှတ် ၈၈၂၊ ဦးပိုင်အမှတ် ၁၈၆ ရှိ တောင်သူ ဦးအောင်မြိုင်၏ လယ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။