တကောင်း ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပြည်သူ့အားကစားကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံနှင့် ဝန်ထမ်းများ၊ တကောင်းနယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)