Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းများဆောင်ရွက်
Mar 06,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် မြို့နယ်မီးသတ်တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ စတင်ပျိုးထောင်
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆည်ရေ ကန်ရေ သောက်စနစ်ဖြင့် နွေစပါး စိုက်ပျိုးမည့် တောင်သူများ နွေစပါးများ စတင်ပျိုးထောင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ပြိုလက်ဝဲမြို့၌ စာမေးပွဲကာလ အပြင်စည်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ထပ်ဆင့်အစည်းအဝေးပြုလုပ်
Mar 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ စာမေးပွဲကာလ အပြင်စည်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ (၁၀၅၃) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2023
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိစာစစ်ဌာန (၆) ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၅၃) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 06,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်လုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များတို့က စာစစ်ဌာန (၃) တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသတွင် နနွင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ
Mar 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံ ပြည်သူ များမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက် ၊ ဒူးရင်း ၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုရပ်ကွက်ရှိ ဖိုးပြုံးချို ကုမ္မဏီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှု လိုအပ်ချက်မရှိစေရေး စစ်ဆေးဆောင်ရွက်…
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေး ပြင်ဆင်ထားရှိမှု လိုအပ်ချက်မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်း က မြစ်သားမြို့နယ်အတွင်းရှိ စာစ်ဌာန (၄) ခုသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13107
Page
13108
Page
13109
Page
13110
Current page
13111
Page
13112
Page
13113
Page
13114
Page
13115
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department