Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုလောမြို့ မြို့ဦးကျောင်းစေတီတော်၌ တပေါင်းလပြည့်နေ့ ဘုရားဖူးမြော်သူများနှင့် အပန်းဖြေအနားယူသူများအား စတုဒီဿဖြင့် ဧည့်ခံကျွေးမွေး
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် မြို့ကျက်သရေစေတီတော်နှင့် မြို့ဦးကျောင်းစေတီတော်တို့တွင် တပေါင်းလပြည့်နေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရပ်နီး/ ရပ်ဝေးနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ စာစစ်ဌာန၌ ၂ဝ၂၂ - ၂၀၂၃ ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ မြို့မအားကစားကွင်း၌နွေရာသီ လူငယ်အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေး
Mar 07,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသလူငယ်အားကစားသင်တန်းများကို ယမန်နေ့မှစတင်၍ နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့် ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (တပေါင်းလပြည့်နေ့) ဗုဒ္ဓပူဇာနိယ တပေါင်းပွဲတော်ကို မတ်လ ၅ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူ…
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ၊ ဧည့်ပရိသတ်များအားစတုဒိသာဖြင့်…
Mar 06,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ကျောင်းတိုက်အသီးသီး၌ စာသင်၊စာချ သီတင်းသုံးနေထိုင်တော်မူ ကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေး၊ ပစ္စည်းလေးပါး အဆင်ပြေစေရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအထောက်အပံ့ဖြစ်စေရေးရည်မှန်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးသွင်းအားစုများပေးအပ်
Mar 06,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလယ်ကျွန်းကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Mar 06,2023
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ မင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်အတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ် (၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်၀င်း၊ ဗိုလ်မှူးကြီး ဝင်းကိုကိုဌေးဦးစီး၍ အထွေထွေရောဂါကု ပါရဂူကြီး (၅) ဦး၊ သွားအထူးကု ပါရဂူကြီး (၁) ဦး၊ အရိုးပါရဂူ(၁)ဦး၊ သူနာပြုအရာရှိ(၃)ဦး၊ အခြားဆင့်သူနာပြု(၃)ဦး၊ သာဖွားအမျိုးသမီးသူနာပြု (၁) ဦးတို့အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13105
Page
13106
Page
13107
Page
13108
Current page
13109
Page
13110
Page
13111
Page
13112
Page
13113
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department