အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရန်၊ စာမေး ပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်နှင့် စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်အတွက် မတ်(၆)ရက် နံနက်ပိုင်းက စာစစ်ဌာနကျောင်းများ၌ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာ/မများအား တွေ့ဆုံရှင်းလင်းခဲ့သည်။

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာ ၁၀ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာ(၄) ရွာ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာ(၆)တို့၌ ဖွံ့ဖြိုးရေးလုပ်ငန်းအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၇၅၄) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Mar 06,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲကို မတ်လ (၈) ရက်မှ (၁၈) ရက်နေ့အထိကျင်းပ သွားမည်ဖြစ်ရာ ပူတာအိုမြို့နယ် ပူတာအိုစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၄၆၀) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံး မှသိရသည်။
Mar 06,2023
ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် အခြေခံမိတ်ကပ်လိမ်းခြယ်နည်းနှင့်  ဆံကေသာထုံးဖွဲ့နည်းသင်တန်းဖွင့်ပွဲကို‌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။