Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေစာရံဘုရားပွဲတော်အတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကား
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရွှေစာရံဘုရားကြီးတွင် ယခုနှစ် ၇၅ ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြ၍ အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ ကျောင်းသား/ကျောင်းသူ (၄၀၅)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 07,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၅) ဦးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားမှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား လိုက်လံစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာစစ်ဌာနတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ စာမေးပွဲဖြေဆိုရာတွင် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ယမန်နေ့နံနက် (၁၀)နာရီက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် “ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ’’ ထီးတော်တင်လှူပွဲကျင်းပ
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၅၈ရပ်ကွက်ရှိ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီး ဦးသန်း ကမ္မဌာန်းရိပ်သာ ရာပြည့်သုံးထပ် ဘောဇနဆောင် အပေါ်ထပ်တွင် တည်ထားပူဇော်ထားရှိသည့် “ရာကျော် ကပ်ကျော် ကိုးနဝင်းစေတီ’’ ထီးတော်တင်လှူပွဲနှင့် ရာကျော် ကပ်ကျော် ကိုးနဝင်းဗုဒ္ဓ ရုပ်ပွားတော် အနေကဇာ တင်လှူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရန် မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်
Mar 07,2023
လူငယ်လူရွယ်များ အားကစားကိုလေ့လာသင်ယူခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိကြစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် သံတွဲမြို့တွင် အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမတွင် ယနေ့မှစ၍ ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်စေရန် စာစစ်ဌာနများအား ကြည့်ရှု့စစ်ဆေး
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်စေရန် အ-ထ-က (၁) ရမည်းသင်း၊ ရွာတန်းအ-ထ-က၊ သိမ်ကုန်းအ-ထ-က၊ မြို့လှ အ-ထ-ကနှင့် ရွှေဒါးအ-ထ-က စာစစ်ဌာန(၅)ခုကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်/မြို့နယ်ပညာရေးကော်မတီနှင့် မီးဘေးလုံခြုံရေး ကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ မြတ်ဆရာပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Mar 07,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ပထမနှစ်ဝက်)နှင့် ပထမနှစ်(ဒုတိယနှစ်ဝက်) တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများမှ ကြီးမှူးကျင်းပသည့် မြတ်ဆရာပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13103
Page
13104
Page
13105
Page
13106
Current page
13107
Page
13108
Page
13109
Page
13110
Page
13111
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department