တောင်ပြိုလက်ဝဲ မတ် ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ စာမေးပွဲကာလ အပြင်စည်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သန်းထွန်းက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၈-၃-၂၀၂၃)ရက်နေ့မှ(၁၈-၃ -၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စာစစ်ဌာနတည်ရှိရာ ကျောင်းဝင်းအပြင်ဘက်အား အပြင်စည်းအဖြစ်သတ်မှတ်ကာ စာမေးပွဲကျင်းပပြုလုပ်သည့် နေ့ရက်များတွင် အပြင်စည်းကြီးကြပ်ရေးတာဝန်ထမ်းဆောင်ရန် အပြင်စည်းကြီးကြပ်ရေးအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဖွဲ့စည်းတာဝန်ပေးခြင်းအား ထပ်ဆင့်ရှင်းလင်းသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော မြို့ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန၌ အပြင်စည်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်းများအား သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
သိန်းနိုင်(ပြန်/ဆက်)