ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မြောက်ဦး မတ်  ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာစစ်ဌာနများအား  မီးဘေးအန္တရာယ်လုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များတို့က စာစစ်ဌာန (၃) တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများတို့က အ.ထ.က (၁) ၊ အ.ထ.က (၂) နှင့် မြောင်းဘွေ အ.ထ.က စာစစ်ဌာနတို့တွင်  မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေ ရေးအတွက် မီးကို စနစ်တကျအသုံးပြုစေရေး ၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုပါက မိမိကျောင်းများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ /မရှိ ၊ လျှပ်စစ်ဝါယာ ကြိုးများ ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါက သက်ဆိုင်ရာ  လျှပ်စစ်ဝန်ထမ်းများဖြင့် အသစ် လဲ လှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိမှု ရှိ/မရှိနှင့် ရေလှောင်ကန် များတွင် ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ် ပွားပါက သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် စသည်တို့ကို ကွင်းဆင်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)