အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ရွာကိုင်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက်  အဘိုး၊ အဘွားတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Mar 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များရှိ အသက်နှစ်လမှ တစ်နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ ၈ နာရီက ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိပြီး မိုးရာသီတွင် သဘာဝအတိုင်းပေါက်ရောက်သည့် မျှစ်များကို  တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ထားသိုလေ့ရှိသည်။
Mar 06,2023
နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော မဟာကမ္မဌာနစရိယဘွဲ့ တံဆိပ်တော်အား ယူဆောင်၍ ပုသိမ်မြို့မှ ပြန်လည် ကြွချီ‌တော်မူလာသော ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ အောင်ဇဗ္ဗူကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Mar 06,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ညောင်ပင်ရပ်ကွက်ရှိ ‌ရောဘတ်စစ်ရှောင်စခန်း ခန်းမဆောင်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်မြို့)၏ ကြီးကြပ်မှုဖြင့် ရောဘတ်စစ်ရှောင်စခန်းမှ (၅)မိုင် စီအင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ကြမည့် နေရပ်စွန့်ခွာစစ်ဘေးရှောင်အိမ်ထောင်စုများမှ မိသားစုဝင်များအတွက် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Mar 06,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (လပြည့်၊ လကွယ်)နေ့များတွင် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း/ကွမ်းအထောက်အပံ့ဖြစ်စေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ယမန်နေ့ တပေါင်းလပြည့်နေ့ ညနေ ၄ နာရီချိန်က အမှတ်(၆)ရပ်ကွက်ရှိ ဇိနသုခလောကသရဖူစေတီတော် ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။