အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2023
မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အချိန်တွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ငလျင်ဒဏ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများ သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြင်းခြံခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Mar 06,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 06,2023
(၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်‌နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စာမေးပွဲကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အ.ထ.က ကျွန်းစု(စာစစ်ဌာန)ကျောင်း၌ စာဖြေခန်းများ ပြင်ဆင်ထားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Mar 06,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေးနှင့် ထူးချွန်သည့် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံဘောလုံးကစားနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။
Mar 06,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ဒေသထွက် သီဟိုဋ်သရက် (သီဟိုဋ်) ပင်များ အဖူးအပွင့်ပွင့်ချိန် အပွင့်များလှိုင်လှိုင်ပွင့်နေကြပြီး အသီးသီးပြီး သီဟိုစေ့ရောင်းချချိန် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမှာ စိုးရိမ်နေကြ ကြောင်း  လျှော်တောကျေးရွာ သီဟိုဋ်သရက်စိုက်တောင်သူ ဦးမောင်ညိုထံက ပြောကြား၍ သိရသည်။
Mar 06,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ မြင့်မြတ်ပါရမီအဖေကြီးများပူဇော်ပွဲဖြစ်မြောက်ရေး အဖွဲ့မှ ကြီးမှူးပြီး စတုတ္ထကြိမ်မြောက်  ကျေးဇူးရှင်အဖေကြီးများအား ပူဇော်ကန်တော့ပွဲနှင့် တရားဓမ္မသဘင် အခမ်းအနားကို ၁၃၄၈ ခုနှစ် တပေါင်းလပြည့်နေ့ ည ၇ နာရီတွင် အဆိုပါကျေးရွာ ရွာလယ် မြတစ်သိန်းတန်ဘုရားဓမ္မာရုံတွင် ကျင်းပကြောင်းသိရသည်။