ပျော်ဘွယ် မတ် ၆
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိစာစစ်ဌာန (၆) ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၅၃) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ အတွင်းဖြေဆိုသူ ကျား (၂) ဦး၊ မ (၇) ဦး၊ ပြင်ပဖြေဆိုသူ ကျား (၃၉၄) ဦး၊ မ (၆၅၀) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၅၃) ဦးတို့သည် မြို့နယ်အတွင်းစာစစ်ဌာန(၆)ခုဖြစ်သည့် အထက(၁)၊ အထက (ယင်းတော်)၊ အထက (ရန်အောင်)၊ အထက (အရှေ့လျှော်ဖြူကုန်း)၊ အထက (တောင်ညောင်ကုန်း)၊ အထက (ရွှေညောင်ဖူး) တို့တွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာမေးပွဲအတွင်းအပြင်ကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)