အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ်အားကစားကွင်းနှင့် အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်းတို့၌ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား မုန့်နှင့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂- ၂၀၂၃ ခုနှစ် မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ ပြုလုပ်လျက်ရှိရာ အ.ထ.က-မိုင်းပန်စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီ အချိန်က မြန်မာစာဘာသာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စု ဝေယံမိုးဆန်စက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Mar 08,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က-၁၆ နှင့် အ.ထ.က - ၁၄ စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၂၆) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Mar 08,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြရာ မြို့နယ်အတွင်း ဖြေဆိုရန်စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ အားလုံး၏ ၈၆ ဒဿမ ၈၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။
Mar 08,2023
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် လူငယ်များအတွက် အကျိုးရှိထိရောက်စေမည့် ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား/ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်း (အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Mar 08,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။