အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်များအား ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသုံးပြုနိုင်စေရေးတို့ ကိုရည်ရွယ်၍ မတ်လ(၆)ရက်နေ့မှ စတင်၍ ကျွမ်းကျင် အားကစားနည်းပြများနှင့်အတူ နွေရာသီအားကစား သင်တန်းများ ပို့ချပေးလျက်ရှိသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်းကျင်းပလျက်ရှိရာ နွားထိုးကြီးမြို့တွင် မြန်မာစာဘာသာရပ်ဖြေဆိုသူ ၂၉၄ ဦးရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ်ကို  ကျောင်းသား/ကျောင်းသူ(၁၁၇၅) ဦး မှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
မြန်မာနိုင်ငံတစ်ဝှမ်းတွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်  ငပလီမြို့၌ စာစစ်ဌာန(၁)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော် မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီ က မြန်မာစာ စာမေးပွဲ စတင်ဖြေဆိုကြောင်း သိရသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် စာစစ်ဌာန၂ခုအဖြစ် အ.ထ.က(၂)နှင့် အ.ထ.က(၃)ကျောင်းများ ဖွင့်လှစ်ထားရှိခဲ့ရာ ကျောင်းသား/သူများသည် ပထမနေ့(မြန်မာစာ)အား ယနေ့နံနက်ပိုင်း(၉)နာရီအချိန်တွင် အေးချမ်းစွာဖြင့် စတင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်၊ တနိုင်းမြို့၌ စာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။