အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၅နေရာတို့၌ ကျောင်းသား ကျောင်းသူများ အသီးသီး  ဖြေဆိုခဲ့ကြသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်ကျောင်းတို့တွင် ယနေ့နံနက် ၉နာရီက စတင်ဖြေဆိုလျက်ရှိသည်။
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို မြို့နယ်တွင်းစာစစ်ဌာနလေးခု၌ ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာ‌ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ကို မတ်လ(၈) ရက်နေ့နံနက်(၉) နာရီမှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်း သူ (  ၆၄၈ )ဦး စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ အံသြစရာ ရိုးရာဓလေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 08,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ စတင်ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍   မြန်မာစာ ဘာသာရပ်ကို ကျောင်းသား/သူ (၈၇) ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
Mar 08,2023
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့နက် ၉:၀၀ နာရီအချိန်က စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။