ပျဉ်းမနား မတ် ၈
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။
ယနေ့ဖြေဆိုသည့် မြန်မာစာဘာသာရပ်ကို အ.ထ.က-၁(ပျဉ်းမနား)၊ အ.ထ.က-၃(ပျဉ်းမနား)၊ အ.ထ.က-သစ်လေးလုံး၊ အ.ထ.က-ညောင်ပင်သာ တို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၆၆ ဦးဖြေဆိုခဲ့ပြီး ဖြေဆိုသူရာခိုင်နှုန်းမှာ၉၁.၃၈ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူလေးများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့နှင့် မြန်မာနိုင်ငဲရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)