ချောင်းဆုံတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ချောင်းဆုံ မတ် ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ(အတွင်း)မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ (၁၄၉)ဦးနှင့် (အပြင်)မှဝင်ရောက်ဖြေဆိုသူ(၂၁၃)ဦး စုစုပေါင်း(၃၆၂)ဦး ဖြေဆိုသည့်ရာခိုင်းနှုန်း(၉၃.၇%)မှ အ.ထ.က(ချောင်းဆုံ)စာစစ်ဌာနတွင် လာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)