မုဒုံ မတ် ၈
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ်အားကစားကွင်းနှင့် အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်းတို့၌ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား မုန့်နှင့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် နွေရာသီအားကစားသင်တန်းအဖြစ် ကြက်တောင်ရိုက်၊ ဘော်လုံး၊ စစ်တုရင်၊ ဘတ်စကတ်ဘော၊ သိုင်း၊ ခြင်းလုံး၊ Borein နှင့် ဘောလီဘောအားကစားနည်းများကို ကျား( ၁၃၄)ဦး၊ မ(၅၁)ဦး စုစုပေါင်း(၁၈၅) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မုဒုံသူ (ပြန်/ဆက်)