မံစီမြို့နယ်၌ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမည်စားရင်းပေးသွင်းထားသည့် စာရင်း၏ ၈၆ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆို

မံစီ မတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြရာ မြို့နယ်အတွင်း ဖြေဆိုရန်စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ အားလုံး၏ ၈၆ ဒဿမ ၈၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

စာမေးပွဲကို မံစီမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(မံစီ) စာစစ်ဌာန(၁)ခုဖြင့် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦးရှိသည့်အနက် ယနေ့ မြန်မာစာဘာသာကို စတင်ဖြေဆိုခဲ့ရာ (၁၅၁)ဦးအထိ လာရောက်ဖြေဆိုခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ စာမေးပွဲကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေး တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)