အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပဖြေဆိုရာ မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇၇ ဦး ဝင်ရောက်ဖြေဆို ကြပြီး အေးချမ်းစွာဖြေဆိုနိုင်ကြကြောင်း သိရသည်။
Mar 08,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ အထကဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်နေ့တွင် စတင်ကျင်းပပြီး ပထမနေ့အဖြစ် မြန်မာစာ စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အနေဖြင့် စာစစ်ဌာန (၅)ခုဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ (၈)ရက်နေ့၊ နံနက် (၉) နာရီအချိန်မှစတင်၍ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 08,2023
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အထက စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။