ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၉၃.၃၂ ရာခိုင်းနှုန်း ဝင်ရောက်ဖြေဆို

ချမ်းအေးသာစံ မတ် ၈

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အ..က-၁၆ နှင့် အ..က - ၁၄ စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၂၆) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရာ တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

တင်ဇာလှိုင်