အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ စာစစ်ဌာန များဖြစ်သည့် အထက (၂)အလုံ၊ အထက (၂)မုံရွာ၊ အထက(၃)မုံရွာတို့သို့ ရောက်ရှိပြီး အဆိုပါ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Mar 08,2023
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အ-ထ-က(၁)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်း က အေးချမ်းစွာလာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစတင်၍ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၀၀)ဦးတို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင်အေးချမ်းစွာဖြင့် အသီးသီးဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ဟိုပန်စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိပါသည်။
Mar 08,2023
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို  အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ပထမရက် မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၈၈)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
Mar 08,2023
အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ (ကျောင်းပြင်ပဖြေ) ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာ ယာစွာ ဖြေဆိုလျက်ရှိပြီး ခန္တီးမြို့တွင် အ.ထ.က(ခန္တီး) စာစစ်ဌာနတစ်ခုတည်းရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစာရင်းရှိ (၃၂၅)ဦး၊ ဖြေဆိုသူ(၂၉၃)ဦး၊ ပျက်ကွက်(၃၂)ဦး ဖြစ်ကြောင်းသိရသည်။