လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်မည်

ပျဉ်းမနား မတ် ၈

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် လူငယ်များအတွက် အကျိုးရှိထိရောက်စေမည့် ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား/ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်း (အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ(၁၃)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်း နံနက်(၉)နာရီမှ(၁၁)နာရီအထိ (၈)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ ပန်းချီအနုပညာကို စိတ်ပါဝင်စားကြသည့် ကျောင်းသား/ကျောင်းသူလူငယ်များ တက်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းတက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး(ရွှေညောင်ပင်ကားဂိတ်အနီး) သို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)