မိုင်းပန် မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂- ၂၀၂၃ ခုနှစ် မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ ပြုလုပ်လျက်ရှိရာ အ.ထ.က-မိုင်းပန်စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီ အချိန်က မြန်မာစာဘာသာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် အ.ထ.က-မိုင်းပန်စာစစ်ဌာန တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခြင်းတွင် ပြင်ပဖြေဆိုကျောင်းသား/သူ အတွဲ(၁)ဖြေဆိုသူစာရင်းရှိ(၃၃)ဦးအနက် ဖြေဆိုသူ(၃၁)ဦး၊ အတွဲ(၂) ဖြေဆိုသူ စာရင်းရှိ (၉)ဦးအနက် ဖြေဆိုသူ(၈)ဦး၊ အတွဲ(၅)ဖြေဆိုသူ (၁)ဦးနှင့် အတွဲ(၇) ဖြေဆိုသူ (၁၂)ဦး စုစုပေါင်းစာရင်းရှိ (၅၅)ဦးအနက် ဖြေဆိုသူ(၅၂)ဦး၊ ပျက်ကွက်(၃)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၅၅)ဖြစ်ကြောင်း အဆိုပါစာစစ်ဌာန၊ ကြီးကြပ်ရေးမှူး ဒေါ်သီတာမိုးနိုင်ထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)