အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ ​​ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောက်မဲမြို့နယ်မှ မြန်မာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ(၁၈၇)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(အလုံ) စာဖြေဌာနတွင်  မတ်လယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တောင်သာမြို့နယ်တွင် မြန်မာစာဘာသာဖြေဆိုသူ ကျောင်းသား/သူစုစုပေါင်း ၆၇၉ ဦး ရှိကြောင်း သိရသည်။
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပသည်။
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့မတ်လ (၈)ရက်နေ့မှစတင်ကာ ဖြေဆိုလျက်ရှိကြောင်း  သိရသည်။
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင် ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။