ဘိုကလေး မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်များအား ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသုံးပြုနိုင်စေရေးတို့ ကိုရည်ရွယ်၍ မတ်လ(၆)ရက်နေ့မှ စတင်၍ ကျွမ်းကျင် အားကစားနည်းပြများနှင့်အတူ နွေရာသီအားကစား သင်တန်းများ ပို့ချပေးလျက်ရှိသည်။
ပို့ချပေးရာတွင် မြို့နယ်အားကစားခန်းမ၌ ကြက်တောင်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံးခတ်၊ ကရာတေးသင်တန်းများ သင်ကြားပို့ချလျက်ရှိပြီး မြို့နယ်အောက်ပိုင်း ဘောလုံးအားကစားကွင်းတွင် ဘောလုံးကစားနည်း၊ ပြေးခုန်ပစ် ကစားနည်းများအား ညနေ (၄)နာရီမှ (၆)နာရီထိ သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ အားကစားသင်တန်းများအား မတ်လ(၃၀)ရက်အထိ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)