ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကြည့်မြင်တိုင်    မတ်    

၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက် နာရီအချိန်ကစတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာရင်းရှိကျောင်းသား ၁၀၉ ဦး၊ ကျောင်းသူ ၁၈၇ ဦး စုစုပေါင်း ၂၉၆ ဦး ရှိပြီး၊ ယနေ့ မြန်မာစာဖြေဆိုသည့်ကျောင်းသား ၈၆ ဦး၊ ကျောင်းသူ ၁၆၈ ဦး စုစုပေါင်း ၂၅၄ ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်း ၈၅.၈၁ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၃၉) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်း ဦးစီးသောအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများက ဝိုင်းပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)