ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ(၁၁၇၅)ဦး ဝင်ရောက်ဖြေဆို

ဘားအံ မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ်ကို  ကျောင်းသား/ကျောင်းသူ(၁၁၇၅) ဦး မှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ဖြေဆိုကြရမည် ဖြစ်ပြီး ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာန  ၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန အ-ထ-က (၄) စာစစ်ဌာနပေါင်း စာစစ်ဌာန (၃)ရှိပြီး ဖြေဆိုရန် စာရင်း ရေးသွင်းထားသူ ၁၂၇၈ ဦးတွင် လာရောက်ဖြေဆိုသူ (၁၁၅၇) ပျက်ကွက် (၁၀၃)ဦးရှိပြီး ‌ရာခိုင်နှုန်း အားဖြင့်  ၉၁.၉၄% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့မိ ၊ မြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် 

ခရိုင်(ပြန်/ဆက်)