ဒဂုံအရှေ့ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် စာစစ်ဌာန၂ခုအဖြစ် အ.ထ.က(၂)နှင့် အ.ထ.က(၃)ကျောင်းများ ဖွင့်လှစ်ထားရှိခဲ့ရာ ကျောင်းသား/သူများသည် ပထမနေ့(မြန်မာစာ)အား ယနေ့နံနက်ပိုင်း(၉)နာရီအချိန်တွင် အေးချမ်းစွာဖြင့် စတင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူ ကျောင်းသား(၂၅၁)ဦး၊ ကျောင်းသူ(၄၂၃)ဦး စုစုပေါင်း (၆၇၄)ဦးတွင် လာရောက်ဖြေဆိုသူကျောင်းသား(၂၀၆)ဦး၊ ကျောင်းသူ(၃၇၆)ဦး စုစုပေါင်း ဖြေဆိုသူ (၅၈၂) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၆.၃၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ စာစစ်ဌာန(၂)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)