နွားထိုးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာ ဖြေဆိုသူ ၂၉၄ ဦးရှိ

နွားထိုးကြီး   မတ်   ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်းကျင်းပလျက်ရှိရာ နွားထိုးကြီးမြို့တွင် မြန်မာစာဘာသာရပ်ဖြေဆိုသူ ၂၉၄ ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ရက်လျှင် () ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် ()နာရီအကြာ ဖြေဆိုမည်ဖြစ်ပြီး အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၁၅၂) ဦး၊ ကျောင်းသူ (၃၂၃) ဦး၊ စုစုပေါင်း (၄၇၅)ဦးတွင် ကျောင်းသား(၁၃၄)ဦး၊ ကျောင်းသူ(၂၉၄)ဦး ဝင်ရောက်ဖြေဆိုပြီး ကျောင်းသား (၁၈) ဦး၊ ကျောင်းသူ (၂၉) ဦး၊ စုစုပေါင်း (၄၇) ဦး ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

သန်းအောင်ဇော်