ငပလီ မတ် ၈
မြန်မာနိုင်ငံတစ်ဝှမ်းတွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့၌ စာစစ်ဌာန(၁)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငပလီမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ စာစစ်ဌာန(၁)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ငပလီမြို့နယ် အ.ထ.က-ငပလီစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၃၁၉)ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၁၄၈)ဦး၊ ကျောင်းသူ(၁၅၇)ဦး၊ ကျောင်းသားပျက်ကွက်(၆)ဦး၊ ကျောင်းသူပျက်ကွက်(၈)ဦး၊ စုစုပေါင်း(၃၀၅)ဦး ဝင်ရောက်ဖြေဆိုပြီး အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောင့်အယှက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်အ ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာန၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရရှိသည်။
ငပလီ(ပြန်/ဆက်)